မကွေး၊ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
၁။ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးဘုန်းမော်ရွှေသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါ၍
၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ
၂၈ရက်နေ့ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ဆောမြို့၊ပြည်သူ့ဆေးရုံကြီးတွင်
တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေး
စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဆောမြို့နယ်အတွင်း
ဒေသခံ ပြည်သူ များအားအခမဲ့ဆေးဝါးကုသနေမှုကို
ကြည့်ရှုအားပေးခဲ့ပါသည်။
၂။ ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည်
ဆောမြို့၊
ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသနေသော မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးနှင့်
ပခုက္ကူမြို့၊ မျက်စိ အထူးကု အဖွဲ့မှ အထူးကုဆရာဝန်ကြီးများနှင့် ဆရာဝန်၊ ဆရာမ များအား
နှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများမှ ရောဂါအလိုက်
ဒေသခံပြည်သူများအား
ဆေးကုသပေးနေမှုများကို လိုက်လံအားပေးနှုတ်ဆက်ခဲ့ပါသည်။
၃။ ၄င်းနောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် ဆရာဝန်ကြီးများထံ
ဆေးကုသခံယူရန် လာရောက်သော
ဆောမြို့နယ်ပတ်ဝန်းကျင်မှပြည်သူများအား
နှုတ်ဆက်အားပေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
ပြည်သူများ၏ လူမှုစီးပွားဘ၀တိုးတက်ကောင်းမွန်ရေး
အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို
ဒေသအရောက် အထူးကုဆရာဝန်ကြီးများနှင့် လိုက်လံကုသနေမှု၊ ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊
ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးများဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏တင်ပြချက်များမှ
အမှန်လိုအပ်ချက်များကို လိုက်ပါလာသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်း
ပေးခဲ့ပါသည်။
၎။ ပြီးနောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆောမြို့နယ်မှတစ်ဆင့် ဆော-ကျောက်ထု-ပေါက် ကားလမ်း ပြုပြင်ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး
ပေါက်မြို့သို့ နေ့လည် ၁၅၀၀နာရီအချိန်တွင်ရောက်ရှိ၍ ပေါက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
အစည်းအဝေးခန်းမတွင် ပေါက်မြို့နယ်ဌာနဆိုင်ရာများ၊ စီမံခန့်ခွဲမှုကော်မတီ၊ အထောက်အကူပြုကော်မတီ၊
စည်ပင်ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံခဲ့ရာ
ရှေးဦးစွာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊
ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများရန်ပုံငွေရရှိသုံးစွဲဆောင်ရွက်နေမှုများ၊ဆောင်ရွက်ရန်လုပ်ငန်းများ၊
မြို့နယ် အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး
ကော်မတီများမှ ဥက္ကဌများက ဒေသလိုအပ် ချက်များကိုတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ
လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့်ပေါက်စပ်ညှိနှိုင်းပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ
တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ပေါက်မြို့နယ်အတွင်း ဆောင်ရွက်ပေးနေသောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသည့် လုပ်ငန်းများ၊
ပြည်သူများ၏အမှန်လိုအပ်ချက်များအား ဖြည့်ဆည်းပေးနေမှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
၆။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်
တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍
ဆောမြို့နယ်အတွင်း အထူးကုဆရာဝန်ကြီးများနှင့်အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများကို
၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ရက်နေ့များတွင်ဆောင်ရွက်ခဲ့ရာတွင် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ
နာယက ဒေါ်စန်းစန်းမြင့်ဦးစီး၍ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ
ဆောမြို့တွင် သက်ကြီးဘိုးဘွားကန်တော့ခြင်း၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး၌
ကိုယ်ဝန်ဆောင်မိခင် (၃၂)ဦးအားအာဟာရပစ္စည်းများထောက်ပံ့ခြင်း၊ သက်ကြီးဘိုးဘွားများအား
အိမ်တိုင်ရာရောက်ကန်တော့ခြင်းနှင့် ဆောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးရုံးတွင်
စာအုပ်စာတမ်းများလှူဒါန်းခြင်း၊ ပျိုရွယ်နုနယ်သူများအား ကျန်းမာရေးဟောပြောပွဲများ၊ လူကုန်ကူးမှုမခံရရေးအတွက်
ဟောပြောပွဲများကို အထူးကုဆရာဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ဆောင်ရွက်ခြင်း
များပြုလုပ်ပေးခဲ့ပါသည်။
၇။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်
တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍
ဆောမြို့နယ်အတွင်း အထူးကုဆရာဝန်ကြီးများနှင့်ကျန်းမာရေး စောင့်ရှောက်မှုများကို ၂၀၁၄ခုနှစ်၊
နိုဝင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ရက်နေ့များတွင်ဆောင်ရွက်ခဲ့ရာတွင် အထွေထွေ ရောဂါ၊ ခွဲစိတ်း၊
သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အကြောအဆစ်၊ စိတ်ကျန်းမာရေး၊
သွားအထူးကုဆရာဝန်ကြီးများ၊ တိုင်းရင်းဆေးဆရာများဖြင့်စုစုပေါင်းလူနာ (၂၄၄၂)ဦးအား အခမဲ့ဆေးကုသပေးနိုင်ခဲ့ပြီး
ခွဲစိတ်ရန်လိုအပ်သောလူနာများအား တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ဆက်လက် ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်းသတင်းရရှိခဲ့ပါသည်။