၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ ရေနံချောင်းမြို့နယ်၊ နှောကန်ကျေးရွာနေ ကလေးငယ် နှစ်ဦးသည် နေအိမ်တွင် မိဘများ မရှိခိုက် နေအိမ်အောက်မီးဖိုကျင်းတွင် ဂက်စ်မီးခြစ်အား ခြစ်၍ဆော့ကစားရာမှ မီးဖိုတွင် ကာရံထားသော ထန်းရွက်မှတစ်ဆင့် နေအိမ် (၁၂) လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ နှောကန်ကျေးရွာနေ ထွန်းနိုင်(၃၂)နှစ်၏ သားဖြစ်သူ ကျော်ဝင်းလှိုင်(၄)နှစ်နှင့် တစ်ရွာတည်းနေ ဦးခင်မောင်စိုး၏သား သန်းဇော်လှိုင်(၅)နှစ်တို့ (၂)ဦးမှ ထွန်းနိုင်၏နေအိမ်တွင် မိဘများမရှိခိုက် နေအိမ်အောက် မီးဖိုကျင်းတွင် ဂက်စ်မီးခြစ် အား ခြစ်၍ဆော့ကစားရာမှ မီးဖိုတွင်ကာရံထားသော ထန်းရွက်မှတစ်ဆင့် မီးစတင်လောင်ကျွမ်း ခဲ့ရာ ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ခိုင် ဦးစီးတပ်ဖွဲ့ဝင် (၃+၂၀)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူးပါ တပ်ဖွဲ့ဝင် (၁+၇) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးနှင့် ရွာသူ/သား (၁၅၀) ဦးခန့်တို့မှ ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် ၁၅၄၀ အချိန် မီးလုံးဝငြိမ်းသွား၍ မီးလောင်မှုကြောင့် နေအိမ် (၁၂) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှုမရှိ၊ ကျား(၂၅)ဦး၊ မ(၂၉)ဦး၊ ပေါင်း(၅၄)ဦး အိုးမဲ့အိမ်မြဲ့ဖစ်ကာ တန်ဖိုး ၁၁၀၅၀၀၀ိ/-ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးဒုက္ခသည်များ အား နှောကန် ကျေးရွာဘုန်းကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

မီးပေါ့ဆသူ ထွန်းနိုင်အား ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်း (ပ) ၆၅/၂၀၁၄၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment