Saturday, November 29, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ည(၁၁း ၄၅) အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ထန်းကိုင်းရေနံမှော်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ထန်းကိုင်းရေနံမြေလုံခြုံရေးတပ်ခွဲမှ တပ်ဖွဲ့ဝင်များ၊ မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ/ရွာသားများမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ထန်းကိုင်းကျေးရွာနေ ယာပိုင်ရှင် ဦးပြုံးချို(၃၅)နှစ် ပိုင်ဆိုင်သည့်ယာအတွင်း (MOGE သံကန် တန်း မြောက်ဘက် ၄ ဖာလုံခန့်အကွာ) တွင် ရေနံခပ်ခွက်သံကိုင်းနှင့် ရေနံပိုက် ပွတ်တိုက် မိရာမှ မီးလောင်မှုကြောင့် ရေနံလက်ယက်ကျင်း ၅ ကျင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလပ်ခုံ ၃ စုံ၊ ပလပ်စတစ် ရွက်ဖျင်တဲ ၃ လုံးမီးကျွမ်းလောင်ခဲ့ပြီး ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၂၃၅၅ အချိန် မီးညွန့်ကျိုး၍ ၂၄၀၀ အချိန် မီးလုံးဝငြိမ်းသွားခဲ့သည်။ 

လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် မီးလောင်မှုကြောင့် တန်ဖိုး ၆၃၀၀၀၀ိ/- ခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ မီးလောင်ဆုံးရှုံးခဲ့သဖြင့် ယာပိုင်ရှင် ဦးပြုံးချို (၃၅) နှစ် နှင့် ရေနံခပ် လုပ်သားဖြစ်သူ မင်းဘူးမြို့နယ်၊ ကမ်းနီကျေးရွာနေ မောင်သန်း (ခ) သန့်ဇင်ထိုက် (၂၁)နှစ် တို့အား မင်းလှမြို့မရဲစခန်း (ပ) ၁၉၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video