မကွေး ၊ ဇန်န၀ါရီ ၁၀ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မကွေးခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူး သိန်းသန်းဦး ဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များမှ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှ ၁၁ နာရီ ၂၀ မိနစ် အချိန်ထိ မြို့သစ်မြို့နယ်၊ ကွေ့ကြီး ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ဒေသခံ ပြည်သူများ၊ စုစုပေါင်းအင်အား ၆၄၃ ဦးတို့အားလည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်မှ ၁ နာရီ ၄၅ မိနစ်အချိန်ထိ မြို့သစ်မြို့နယ်၊ ဒန့်ဒလွန်ပင်ကျေးရွာရှိ ပြည်သူ ၅၀ ဦးခန့်အား လည်း ကောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်/လမ်း စည်းကမ်းနှင့် မှုခင်းကျဆင်းရေးတို့နှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment