Thursday, October 29, 2015

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် (၈)နာရီခွဲအချိန် မြို့သစ်မြို့၊ ဈေးရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ပေါ်တွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
 ဖြစ်စဉ်မှာ ဗိုလ်ချုပ်လမ်းအတိုင်း ကွက်သစ်ရပ်ကွက်ဘက်မှ ဈေးရပ်ကွက် ဘက်သို့ မြို့သစ်မြို့နယ်၊ ကြို့ပင်သာယာကျေးရွာနေသူ နန်းဝင်း(၁၅)နှစ် မောင်းနှင်ပြီး နောက်မှ ၄င်း၏မိခင် ဒေါ်အောင်မြတ်ကြည် (၅၅)နှစ် လိုက်ပါလာသော ၂၇ယ/xxxx KENBO 125 အနက်ရောင် ဆိုင်ကယ်သည် အရှိန်ပြင်း စွာမောင်းနှင် လာစဉ် ဈေးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဆုံရှိ ကုန်သွယ် လယ်ယာရုံးထောင့် အရောက် တွင် ဒေါ်အောင်မြတ်ကြည်မှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် အရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်သူ နန်းဝင်း အား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၃၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video