၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန်တွှင် မင်းတုန်းမြို့နယ်၊ တိုင်တားရဲကင်း စခန်းမှူး ရဲအုပ် စိုးမိုးအောင်နှင့်အဖွဲ့၊ မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးအာင်မျိုးလွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဒုဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ တို့ပူးပေါင်း၍ သတင်းအရ သက်သေ များနှင့်အတူ မင်းတုန်းမြို့နယ်၊ ပွေးဒူးကျေးရွာနေ ဆန်းအောင်၊ ၄၀နှစ်၊ (ဖ)ဦးသာရှိန် ၏ ဆောက်လက်စ နေအိမ်အောက်သို့ သွှားရောက်ကြည့်ရှုစစ်ဆေးရာ ၎င်းပိုင်ဆိုင်သည့် 9N/4623 Titant အဖြူရောင်(၆)ဘီး ကားပေါ်တွင် တရားမ၀င် ကျွန်းသစ်ခွဲသား(၁၅၀)ချောင်း၊ ၁.၁၂၅ တန်၊ တန်ဖိုး ၃၄၈၇၅၀ိ/- (သုံးသိန်းလေးသောင်း ရှစ်ထောင်ခုနှစ်ရာငါးဆယ်ကျပ်)အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဆန်းအောင် အား မင်းတုန်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၈၉/၂၀၁၈၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) အရ အရေးယူမှု ဖြစ်ပါသည်။ (ဖမ်းပြီး၊ ၂၀၁၈ သြ ၂၃ ၁၁၁၀)
Friday, August 24, 2018
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment