မကွေး ၊ သြ ၎
၁။ ၂၀၁၈ ခုနှစ် သြ ၄ ရက်နေ့ ၀၅ ၃၀
အချိန်မှ ၀၆ ၃၀ အချိန်ထိ မကရမှူးရုံး၊ ရဲအကူ တပ်ဖွဲ့ခွဲဝန်းအတွင်းရှိ အောင်ဓမ္မာရုံတွင်
(၂၃)ကြိမ်မြောက် တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုပေါင်းဝါဆို
သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ လှူးဒါန်းပွဲတွင် မကရမှူး ရဲမှူးကြီး
ခင်မောင်အေးနှင့် ဇနီးဒေါ်ခင်မာလာအေး ဦးစီး၍ ဒုမကရမှူး ရဲမှူးကြီး လှသန်း၊
ဦးစီး(ပ)(ဦး/ရေး/ထောက်) ဒုရဲမှူးကြီး တင်မိုး၊ ခရရမှူး(မကွေး/မင်းဘူး)၊
ယာဉ်ထိန်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ လူကုန်တား ရဲတပ်ဖွဲ့များ၊
အရာရှိ/အခြားအဆင့်/စာရေးဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ စုစုပေါင်းအင်အား
(၇၅)ဦးခန့်တို့မှ စုပေါင်းဆက်ကပ်လှူဒါန်းခဲ့၊။
၂။ ပုည၀တီဓမ္မရိပ်သာကျောင်းတိုက်
ဆရာတော် ဥူးဇဋိလပါ မြို့ပေါ်ကျောင်းတိုက် သံဃာ (၅)ပါးအား ပင့်ဖိတ်၍
အာရုံဆွမ်းဆက်ကပ်ခြင်း၊ သံဃာတော်(၁)ပါးလျှင် ၀တ္ထုငွေ(၂)သိန်းကျပ်နှင့်
သံဃာ(၅)ပါးအတွက် စုစုပေါင်းဝတ္ထုငွေ(၁၀)သိန်းကျပ်၊ ၀ါဆိုသင်္ကန်း(၂၂)စုံနှင့်
လှူဖွယ်ပစ္စည်းအစုံ၊ စုစုပေါင်းဝတ္ထုငွေ တန်ဖိုး
(၁၅၅၇၀၀၀ိ/-)တို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး အောင်မြေရတနာ ကျောင်း တိုက် ဆရာတော် ဥူးပဏ္ဍိထံမှ (၅)ပါးသီလခံယူတည်ဆောက်ခြင်း၊ ရေစက်ချတရားချီးမြင့်၍ အမျှ ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment