မကွေး၊ နိုဝင်ဘာလ ၁၈ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင်
ရေနံချောင်းမြို့နယ်၊ အေးကုန်းရပ်နေ BC TELECOM ဆက်သွယ်ရေးတာဝန်ခံ ကိုဇေယျာလင်း၊ ၂၃
နှစ်သည် ကျောင်းရာကန်ရွာအနီးရှိ MPT တာဝါတိုင်အမှတ် MGW 00350 ရှိ တံခါးမှအချက်ပြနေသဖြင့်
သွားရောက်ကြည့်ရှုရာ တာဝါတိုင်အောက်ရှိ ဘက်ထရီအခန်းတွင် ထားရှိသော ဆက်သွယ်ရေးတာဝါတိုင်သုံး
ZTE အမျိုး အစား ဘက်ထရီအိုး(၂၄)လုံး (တစ်လုံးလျှင် ၅ သိန်းကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး
သိန်း ၁၂၀ ကျပ်ခန့်)မှာ ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် ၁၉.၁၁.၂၀၁၈ ရက်နေ့
နံနက် ၂ နာရီခန့် ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေ ရဲစခန်းမှူး ရဲအုပ် မိုးညိုထံ
ဖုန်းဆက်အကြောင်းကြားခဲ့ သဖြင့် ရဲအုပ် မိုးညိုနှင့်အဖွဲ့သည် သက်သေ များနှင့်အတူ အခင်းဖြစ်နေရာနှင့်
အနီးပတ်ဝန်းကျင်သို့ လိုက်လံစုံစမ်းခဲ့ပါသည်။
ကျောင်းရာကန်ကျေးရွာသွား လမ်းပေါ်တွင် 8D/1166 လိုက်ထရပ်အဖြူရောင်
ယာဉ်အား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးရာ ယာဉ်ရှေ့ခန်းတွင် ရေနံချောင်းမြို့နယ်၊
အောင်ဆန်း အနောက်ရပ်နေ ဇော်ဇော်၊ ၃၀ နှစ်အား အိပ်လျက်တွေ့ရှိရပြီး ယာဉ်ပေါ်တွင် ငှက်ကြီးတောင်ဓါး
(၁)ချောင်းနှင့်အတူ သံတုတ်၊ ဂေါ်ပြား၊ လေးခွ၊ ဘက်ထရီကလစ်တို့အား တွေ့ရသဖြင့် စစ်ဆေး
မေးမြန်းခဲ့ပါသည်။
ထိုအချိန်တွင် ၁၃ယ/၉၁၈၀၃ HONDA CB 400 ဆိုင်ကယ်ဖြင့် ရေနံချောင်းမြို့နယ်၊
အိုးဘိုကျေးရွာ နေ သူရဖြိုးဝေ၊ ၂၄ နှစ်နှင့် တစ်ရွာတည်းနေ သော်ဇင်အောင်၊ ၂၂ နှစ်တို့
ရောက်ရှိလာသဖြင့် မေးမြန်းရာ တစ်ဖွဲ့တည်းဖြစ်ကြောင်း သိရှိရ၍ ၎င်းတို့အား လူခွဲစစ်ဆေးမေးမြန်းချက်အရ
MPT တာဝါတိုင်အမှတ် MGW 00350 မှ ဘက်ထရီအိုး(၂၄)လုံးအား ၎င်းတို့(၃)ဦးနှင့်အတူ ရန်ကုန်တိုင်း
ဒေသကြီး၊ မင်္ဂလာဒုံမြို့ နယ်နေ မစုလှိုင်၊ ၂၃ နှစ် တို့မှ ခိုးယူခဲ့ကြောင်းနှင့် အဆိုပါဘက်ထရီအိုးများ
အား မကျီးပင်စုကျေးရွာအနီး တောစပ်တွင်ဝှက်ထားကြောင်း လိုက်လံပြသ၍ သက်သေခံပစ္စည်း များအား
ရှာဖွေပုံစံဖြင့် သိမ်းဆည်း ခဲ့ပါသည်။
ထို့နောက် ကားဂိတ်တွင် ရောက်ရှိနေသည့် မစုလှိုင် ကိုလည်း
၎င်း၏ခင်ပွန်း သူရဖြိုးဝေမှတဆင့် ခေါ်ယူစေပြီး ဖမ်းဆီးခဲ့သဖြင့် ဇော်ဇော်ပါ(၄)ဦးအား ရေနံချောင်းမြို့နယ်၊
လက်မှတ်ကုန်းနယ်မြေ ရဲစခန်း (ပ)၆၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့်အရေးယူ
ဆောင်ရွက်ခဲ့ပါသည်။
ကျောင်းရာကန်ကျေးရွာသွားလမ်းပေါ်တွင် 8D/1166 လိုက်ထရပ်အဖြူရောင်
ယာဉ်အား စစ်ဆေးစဉ် ယာဉ်ရှေ့ခန်းတွင် ရေနံချောင်းမြို့နယ်၊ အောင်ဆန်းအနောက်ရပ်နေ ဇော်ဇော်၊
၃၀ နှစ်အား ယာဉ်ပေါ်တွင် ငှက်ကြီးတောင်ဓါး(၁)ချောင်းနှင့်အတူ အိပ်လျက်တွေ့ရှိရသဖြင့်
ဇော်ဇော်အား ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်း(ပ)၆၄/၂၀၁၈
လက်နက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment