Monday, November 19, 2018


မကွေး၊ နိုဝင်ဘာလ ၁၈ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကံမမြို့ပေါ်ရပ်ကွက်များ၌ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ 3H/3726 UD Counter မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မှုခင်းအသိပညာပေး ရှင်းလင်းပြောကြားခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နံနက် ၉ နာရီခန့်တွင် ကံမမြို့နယ်၊ ကြို့ပင်နယ်မြေရဲစခန်းမှူး ရဲအုပ် သိန်းနိုင် ဦးစီး တပ်ဖွဲ့ဝင်များသည် (ကြို့ပင်)အခြေခံပညာအထက်တန်ကျောင်းတွင် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာ မှုခင်းအသိပညာပေးဟောပြောခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်စန္ဒာပါ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း(၁၅၀)ဦးခန့် လာရောက် ကြည်ရှု့ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။
နေ့လည် ၁၁ နာရီခန့်တွင် ကံမမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်ကျော် ဦးစီးတပ်ဖွဲ့ဝင်များသည် ကံမမြို့၊ တြိဂံလမ်းဆုံတွင် မှုခင်းပညာပေးယာဉ်ဖြင့် မှုခင်းလျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွား စေရေး၊ မှုခင်းပညာပေးဟောပြောခဲ့ရာ ကံမမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်ပါ ကံမမြို့ အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူ လူထုများ၊ ဌာန ဆိုင်ရာများ၊ စုစုပေါင်းအင်အား(၃၀၀)ဦးခန့် လာရောက်ကြည့်ရှုခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
နေ့လည် ၁၂ နာရီခန့်တွင် ကံမမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်ကျော် ဦးစီးတပ်ဖွဲ့ဝင်များသည် ကံမ မြို့နယ်၊ ရေနံသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မှုခင်းအသိပညာပေး ဟောပြောခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးကျော်သူနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူလူထုများ၊ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် လာရောက်ကြည်ရှု့ခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။  








0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video