မကွေး၊ နိုဝင်ဘာလ ၁၂ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင်
စလင်းမြို့ပေါ်ရပ်ကွက်များ၌ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ 3H/3726 UD
Counter မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မှုခင်းအသိပညာပေး ရှင်းလင်းခြင်းနှင့်
လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နံနက် ၉ နာရီအချိန်ခန့်တွင် စလင်းမြို့၊ ဈေးမရပ်ကွက်၊
စည်ပင်ရုံးရှေ့ဘက်တွင် ပြခန်းယာဉ်ဖြင့် ပြသခဲ့ရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသား/သူ(၇၀၀)ဦးခန့်၊ ပြည်သူ လူထု(၃၀၀)ဦးခန့်၊ စုစုပေါင်းအင်အား
(၁၀၀၀)ဦးခန့် လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး စလင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး
တင်ထွန်းနှင့် စလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဇော် ဦးစီးတပ်ဖွဲ့ဝင်များမှ
မှုခင်းအသိပညာပေး ရှင်းလင်းခြင်းများပြောကြားပြီး ဥပဒေရေးရာအသိပညာပေး လက်ကမ်းစာစောင်
များအား ဖြန့်ဝေပေးခဲ့ကာ ၁၁ နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။
နေ့လည် ၂ နာရီ အချိန်ခန့်တွင် စလင်းမြို့နယ်၊ မြင်တင်ရပ်ကွက်ရှိ
အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းဝန်းအတွင်းတွင် မှုခင်းအသိပညာပေးဟောပြောခဲ့ရာ
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွန်း၊ မကွေးမြို့၊ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ
ရဲမှူး ကံဝင်း၊ အမှတ်(၁၅) မူးယစ်တပ်ဖွဲ့စုမှူး ယာယီရဲမှူး သန့်ဇော်၊ စလင်းမြို့မရဲစခန်းမှူး
ဒုရဲမှူး သန်းဇော် ဦးစီး တပ်ဖွဲ့ဝင် များမှ ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး
ဒေါ်သန်းသန်းဝင်းနှင့် ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၁၅၀၀) ဦး၊
ရပ်မိ/ရပ်ဖများ စုစုပေါင်းအင်အား(၁၆၀၀)ဦးခန့် တက်ရောက် ခဲ့ကာ လက်ကမ်းစာစောင်များအား
ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment