မကွေး၊ မတ်လ
၁၀ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်တွင်
ငဖဲမြို့နယ်၊ ပဒါန်းနယ်မြေရဲစခန်းမှူး ရဲအုပ် နေလင်းမြင့်သည် တာဝန်ဆောင်ရွက်နေစဉ် ပဒါန်းကျေးရွာ၊
အမှတ်(၃)ရပ်ကွက်ရှိ ဆည်မြောင်း ရိပ်သာတွင် ခေတ္တတည်းခိုနေသော စလင်းမြို့နယ်၊ နွယ်တမယ်ကျေးရွာနေ
သန်းဇော်ဦး၊ ၄၂ နှစ်မှ ဆည်မြောင်းရိပ်သာခြံဝန်းအတွင်းရှိ အဆောက်အဦ၏ ဆင်ဝင်အမိုးအောက်တွင်
ဇက်သော့ခတ်၍ ရပ်ထားသည့် ၎င်းပိုင် GPS တပ်ဆင်ထားသည့် ၅၄ယ/၅၇၉၃၅ နံပါတ်ပါ YAMAHA 150 မီးခိုး/အနီ
ကြားရောင်ဆိုင်ကယ် တန်ဖိုး(၂၀၅၀၀၀၀ိ/-)မှာ ပျောက်ဆုံးနေသည်ကို နံနက် ၆ နာရီခန့်အချိန်တွင်
သိရှိရကြောင်း သတင်းပေးချက်အရ သက်သေများနှင့်အတူ GPS မှ ရရှိသည့်နေရာသို့ လိုက်လံ စုံစမ်းဖမ်းဆီးရာ
မင်းဘူးမြို့၊ ကြီးပင်ကန်အနောက်ရွာနေ ကျော်အောင်၊ ၃၀ နှစ်အား ၎င်း၏ အစ်ကို ဖြစ်သူ သက်အောင်ဆန်း၏
နေအိမ်ခြံဝန်းအတွင်းမှ ဆိုင်ကယ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်အောင်အား
ငဖဲမြို့နယ်၊ ပဒါန်းနယ်မြေရဲစခန်း(ပ)၇၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ (ဆိုင်ကယ်) အရ အရေးယူဆောင်ရွက်လျက်ရှိပါသည်။ Sunday, March 10, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment