Saturday, March 9, 2019

မကွေး၊ မတ်လ ၈ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့် ပခုက္ကူခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် အောင်သန်း၊ ပခုက္ကူခရိုင်လုံခြုံရေးတပ်ခွဲမှ ရဲအုပ် နိုင်ဝင်းတို့ ဦးဆောင်သောအဖွဲ့သည် သက်သေ များနှင့်အတူ ကိုင်းတောမ ကျေးရွာ၏အရှေ့တောင်ဘက် (၁)မိုင်ခွဲခန့်အကွာ ကတောင်းကုန်း မကျီးပင်အောက်၌ ကြက်တိုက်လောင်းကစားဝိုင်း ပြုလုပ်နေကြောင်း ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး၏ ချပြ သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ မြိုင်မြို့နယ်၊ လက်ခုပ်ပင် ကျေးရွာနေ ကံလှိုင်၊ ၅၄ နှစ်၊  အောင်တင်၊ ၇၁ နှစ်၊ မြိုင်မြို့နယ်၊ ၀က်ပုတ်ကျေးရွာနေ ခင်မောင်ရွှေ၊ ၃၂ နှစ်၊ ရေး မြို့နယ်၊ စုံနံ့သာ ကျေးရွာနေ ကျော်ဆန်းနိုင်၊ ၄၈ နှစ်တို့(၄)ဦးနှင့်အတူ တိုက်ကြက်ဖ(၅)ကောင်၊ ကြက်တိုက် လောင်းကစားရာတွင် အသုံးပြုသည့် မြေအိုးငယ်(၁)လုံး၊ လက်ကိုင်ဖုန်း(၃)လုံး၊ စုစုပေါင်းဆိုင်ကယ် (၄၀)စီး၊ လောင်းကြေးငွေစက္ကူရောရာ (၂၁၉၅၅၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကံလှိုင်၊ အောင်တင်၊ ခင်မောင်ရွှေ နှင့် ကျော်ဆန်းနိုင်တို့(၄)ဦးအား မြိုင်မြို့နယ်၊ မြို့မရဲစခန်း(ပ)၃၆၆/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video