၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ ည (၁၀း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဇော်နိုင်ဝင်း၊ မြို့သစ်မြို့မရဲစခန်းမှ ရဲအရာခံ ညွန့်ဝင်းတို့ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မြို့သစ်-နေပြည်တော် ကားလမ်းဘေး သန်းကုန်းကျေးရွာ အနီးရှိ မကွေးမြို့နယ်၊ သန်းကုန်းရွာနေ ဦးထွန်းလွင်(၅၆)နှစ်ပိုင်ဆိုင်သည့် ''ထူးပွင့်သာ'' စားသောက်ဆိုင်အတွင်း ခွင့်ပြုချက် လိုင်စင်မရှိဘဲ KTV ကာရာအိုကေအခန်း ဖွင့်လှစ်နေကြောင်းသတင်းအရ ဝင် ရောက်ရှာဖွေရာ ဆိုင်၏နောက်ဖေးကပ်လျှက်ရှိ KTV ကာရာအိုကေအခန်းအတွင်း၌ သီချင်းဆိုနေသူ နတ်မောက်မြို့ ၊ အောင်ဆန်းရပ်ကွက်နေ ဦးရင်မောင်ကျော်(၄၇)နှစ်နှင့်အတူ ဖျော်ဖြေသူ ပြည်မြို့၊ မြို့သစ်ရပ်ကွက်နေ မချောချော(၁၈)နှစ်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မောင်းမကန်ကျေး ရွာနေ မတင်ဇာ(၂၈)နှစ်၊ ဆင်ပေါင်ဝဲ မြို့နယ်၊ ပေလယ်ကျေးရွာနေ မရင်ရင်အေး (၁၈)နှစ်တို့အား ခွင့်ပြုချက် လိုင်စင်မရှိဘဲ သီဆိုဖျော်ဖြေနေစဉ် KTVကာရာအိုကေ ဆက်စပ်ပစ္စည်းများနှင့်အတူတွေ့ရှိသိမ်းဆည်း ရမိသဖြင့် ဦးထွန်းလွင်အား မြို့သစ် မြို့နယ်၊ မြို့မရဲစခန်း (ပ)၈ဝ/၂ဝ၁၅၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေပုဒ်မ ၃၂(က)အရ အရေးယူ ထားကြောင်း သိရှိရသည်။
အလားတူ ၎င်းနေ့ ည (၁၀) နာရီခွဲအချိန် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဇော်နိုင်ဝင်းနှင့် အဖွဲ့ သည် မြို့သစ်-နေပြည်တော်ကားလမ်းဘေး သန်းကုန်းကျေးရွာအနီးရှိ မြို့သစ်မြို့၊ ဈေးရပ်ကွက်နေ ဦးမျိုးမြင့်အောင် (၄၅)နှစ်၏ COUNTRY STAR စားသောက်ဆိုင်အတွင်း ခွင့်ပြုချက်လိုင်စင်မရှိဘဲ KTV ကာရာအိုကေအခန်း ဖွင့်လှစ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ ဆိုင်၏နောက်ဖေး ကပ်လျှက်ရှိ KTV ကာရာအိုကေ အခန်းအတွင်း၌ သီချင်းဆိုနေသူ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက် နေ ချစ်ကို(၂၈)နှစ် ၊ တောင်တွင်းကြီး မြို့ ၊ ရွှေအိုး(၁)ရပ်ကွက်နေ ဆန်းလွင်ဦး(၃၃)နှစ်တို့အား ဖျော်ဖြေ နေသူ ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ် ၊ ထန်းချောက်ပင်ရပ်ကွက်နေ မသင်္ဂီ(၂၁)နှစ်၊ တစ် ရပ်ကွက်တည်းနေ မဖြူဖြူ (၂၅)နှစ်၊ ဧရာဝတီတိုင်း၊ ကန်ကြီးတောင့်မြို့နယ်၊ ဒါးကရွာနေ မစောနန္ဒာ (၃၃)နှစ်တို့အား ခွင့်ပြုချက်လိုင်စင်မရှိဘဲ သီဆိုဖျော်ဖြေနေစဉ် KTV ကာရာအိုကေ ဆက်စပ် ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဦးမျိုးမြင့်အောင်အား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၈၁/၂ဝ၁၅၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment