သရက် ဇွန် ၂၃
မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ်၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဥိးစီးဌာန မြို့နယ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ် စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဌ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်က အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်အဆင့် တာဝန်ရှိ သည့်ဌာနဆိုင်ရာ အကြီးအကဲများအား လုပ်ငန်းတာဝန်များ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ် စီမံကိန်း ဦးစီးမှူး ဦးငွေထွန်းမှ ၂၀၁၄-၂၀၁၅ ခုနှစ် နှစ်စဉ် စီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု့အခြေအနေနှင့် ၂၀၁၅-၂၀၁၆ခုနှစ် နှစ်စဉ် စီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူးမှ တာဝန်ပေးမှု့အပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
Tuesday, June 23, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment