Wednesday, June 24, 2015

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ နံနက် (၉) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မြင်ကွန်းရဲကင်းစခန်းမှူးနှင့်အဖွဲ့သည် မြင်ကွန်းကျေးရွာတွင် ချဲထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၃ဝ/၂ဝ၁၅)ဖြင့် မကွေးမြို့နယ်၊ မြင်ကွန်းကျေးရွာနေ လင်းနိုင်(၃၄)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေ ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မကွေးမြို့နယ်၊ မြင်ကွန်းကျေးရွာနေ လင်းနိုင်(၃၄)နှစ်၏ ကိုယ်ပေါ်တွင်ဝတ်ဆင်ထားသည့် အင်္ကျီ အိတ်ကပ် အတွင်းမှ ချဲထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများနှင့် ငွေစက္ကူ (၁,ဝဝဝိ/-) အား သိမ်းဆည်းရမိ၍ ချဲထီလောင်းကစားပြုလုပ်သူ လင်းနိုင်အား မကွေးမြို့နယ်၊ မိကျောင်းရဲနယ်မြေရဲစခန်း (ပ)၃၅/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video