Wednesday, June 24, 2015

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ နံနက် (၈) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူ တပ်ဖွဲ့ခွဲ မှ ရဲအုပ် နိုင်လင်း၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် သက်အောင်စိုး၊ ရဲဒုတက ဝင်းကိုကိုအောင် ၊ ချောက်မြို့မရဲစခန်းမှ ဒုရဲအုပ် မင်းမင်းစိုးတို့ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူနယ်မြေ လှည့်ကင်းဆောင်ရွက်နေစဉ် ချောက်မြို့နယ်၊ မိုလာကျေးရွာအနီး ဂွေးချို-ချောက် ကားလမ်းအတိုင်း လူငယ်တစ်ဦးမောင်းနှင်လာသည့် ကလစ်ဆိုင်ကယ် (ဘတ္တရီဆိုင်ကယ်)နှင့် အတူ တွေ့ရှိသဖြင့် စစ်မေးရာ ချောက်မြို့နယ်၊ ဆင်ကကျေးရွာနေ သိန်းသန်းဌေး(ခ)ကျော်ကြီး၊ ၂၄နှစ် ဖြစ်ကြောင်းသိရှိရပြီး ၄င်းစီးလာသည့်ဆိုင်ကယ်နှင့်ပတ်သက်ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောပြနိုင်ခြင်း မရှိသဖြင့် ဆိုင်ကယ်အား တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာ သဖြင့် သိန်းသန်းဌေး (ခ)ကျော်ကြီး အား ချောက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၁၁၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။ 

ဆက်လက်၍ သိန်းသန်းဌေး(ခ)ကျော်ကြီး၊ ၂၄နှစ်အား စစ်ဆေးရာ ၄င်း၏နေအိမ်တွင် နံပါတ်မပါ စကိုပီ ၁၁ဝ ဖြူပြာကြားဆိုင်ကယ်တစ်စီးရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေများနှင့်အတူ သွားရောက်သိမ်းဆည်းပြီး ဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံတစ်ရာ ပြောပြ နိုင်ခြင်း မရှိသဖြင့် ဆိုင်ကယ်အား တစ်နေရာမှ ခိုးယူလာသည်ဟုမသင်္ကာသဖြင့် သိန်းသန်းဌေး (ခ) ကျော်ကြီး အား ချောက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၁၁၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/၅၄ အရ အမှုဖွင့် အရေး ယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video