Sunday, March 10, 2019


မကွေး၊ မတ်လ ၉ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက်နေ့ ညနေ ၇ နာရီ ၄၅ မိနစ်အချိန် အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စု(မကွေး)မှ ရဲအုပ် အောင်မြင့်၊ ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ၀င်းမောင်၊ သစ်တောရဲတပ်ဖွဲ့မှ ဒုရဲအုပ် ခင်မောင်တင့်၊ ပဒါန်းနယ်မြေရဲစခန်းမှူး ရဲအုပ် နေလင်းမြင့်တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ နတ်ရေကန်ပူးပေါင်းစစ်ဆေးရေးဂိတ်(ပျဉ်းဝ)တွင် ယာဉ်အ၀င်/ထွက်များအား စစ်ဆေးစဉ် ရန်ကုန်မှ စစ်တွေသို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ယဉ်ထွေး၊ ၂၂ နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် အောင်ဘော် လိုက်ပါလာသည့် ကြံတိုင်းအောင် ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းမှ ယာဉ်အမှတ် YGN 4E/ 5056 နံပါတ်ပါ ကိုရီးယားကြောင်အမျိုးအစား အဖြူ/စိမ်းရောင်(၆)ဘီး ခရီးသည်တင်မှန်လုံယာဉ်အား စစ်ဆေးရာ ယာဉ်၏ကြားခုံရှေ့တန်းတွင် လိုက်ပါလာသော ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နေ လှသိန်း၊ ၂၄ နှစ်၏ ခြင်္သေ့တံဆိပ်ပါ အဖြူရောင် ပီနံအိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၅၉၅၀၀)ပြား၊ ၅၉၅၀ ဂရမ်၊ ခန့်မှန်းတန်ဖိုး (၁)ပြားလျှင်(၅၀၀၀ိ/)နှုန်းဖြင့် (၂၉၇၅၀၀၀၀၀ိ/-)နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် လှသိန်းအား ငဖဲမြို့နယ်၊ ပဒါန်းနယ်မြေရဲစခန်း မူးယစ်(ပ)၂/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က) အရ  အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video