မကွေး၊ နိုဝင်ဘာလ ၁၂ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်
Heart Cafe ဆိုင် အကြော်ဆရာအကူ အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ရေနံချောင်းမြို့နယ်၊ ရုံးဆိပ်ကျေးရွာနေ
ထွန်းနိုင်ဝင်း၊ ၂၅ နှစ်မှ ဆိုင်ပိုင်ရှင် ဒေါ်သန်းသန်းဝင်း၏ Yinxiang 110 ၄၉ယ/၃၅၇၉
အနက်ရောင်ဆိုင်ကယ်အား ဆိုင်ဘေးတွင် ရပ်ထားစဉ် ဆော့ကတ်ဖြုတ်၍ စီးနင်းသွားခဲ့ကြောင်း၊
နိုဝင်ဘာလ ၈ ရက်နေ့တွင် တောင်တွင်းကြီး မြို့၌ ဆိုင်ရှင်၏ သားဖြစ်သူ မင်္ဂလာဆောင်အား သွားရောက်လုပ်ကိုင်ပေးခဲ့သည့်
မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာနေ Heart Cafe ဆိုင် အကြော်ဆရာ ကိုလင်းလင်းအောင်၊
၃၄ နှစ်၏ Kenbo 110 ၅၉ယ/၄၀၇၉၇ နီ/နက်ရောင် ဆိုင်ကယ်ကို Heart Cafe လ္ဘက်ရည်ဆိုင်ဘေးတွင်
ရပ်ထား ခဲ့ရာမှ နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၈၀၀ အချိန်ခန့် ဆိုင်သို့ ပြန်ရောက်သည့်အခါ ဆိုင်ကယ်
အား ထွန်းနိုင်ဝင်းမှ ဆော့ကတ်ဖြုတ်ယူသွား သည်ဟု စုံစမ်းသိရှိရသဖြင့် ထွန်းနိုင်ဝင်းအား
မကွေးမြို့၊ မြို့မရဲစခန်း (ပ)၁၃၅၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉(ဆိုင်ကယ်) အရ အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment