မကွေး၊ နိုဝင်ဘာလ ၁၂ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တောင်တွင်းကြီးမြို့မရဲစခန်းမှ
ဒုရဲအုပ် သက်နိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ တောင်တွင်းကြီးမြို့မရဲစခန်း (ပ)၄၁၄/၂၀၁၈၊
ရာဇသတ်ကြီး ပုဒ်မ ၃၈၀ အမှုအား စုံစမ်းနေစဉ် တောင်တွင်းကြီးမြို့၊ အုန်းတော(၁)ရပ်ကွက်၊
၅၅၀ ကွက်သစ်တွင် အုန်းတော(၁)ရပ်ကွက်နေ ဖိုးသင်္ကြန်(ခ)ရဲရင့်သူနှင့် တစ်ရပ်ကွက်တည်းနေ
နေမောင်မောင်(ခ) ထန်းလျှက်လုံးတို့အား ၃၈ယ/၄၆၂၃၇ Dayang 125 ဖြူ/နက်ကြားဆိုင်ကယ် နှင့်အတူ
တွေ့ရှိရသဖြင့် စစ်ဆေးရာ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသ နိုင်ခြင်း
မရှိသည့်အပြင် ဖိုးသင်္ကြန်(ခ)ရဲရင့်သူနှင့် နေမောင်မောင်(ခ)ထန်းလျှက်လုံးတို့(၂)ဦးသည်
ညီမင်းစံဆိုသူနှင့်အတူ လွန်ခဲ့သော(၁)လခန့်က မကွေးမြို့၊ ရွှေဖြိုးအောင် ဘီယာဆိုင်အနီးမှ
ဆိုင်ကယ်တစ်စီးအား ခိုးယူ လာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဖိုးသင်္ကြန်(ခ)ရဲရင့်သူပါ
(၃)ဦးအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ)၄၃၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့်
၅၄ အရ အမှုဖွင့်အရေးယူ စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment