Friday, December 12, 2014

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ ကြည်တစ်လုံးရွာတဲတိုက်နေ မxxxx (၁၉)နှစ်သည် ၎င်းရွာရှိ ဦးဘိုမှူး၏ ရှင်ပြု အလှူပွဲ၌ဆိုင်းအငြိမ့် ပွဲသို့သွားကြည့်ပြီး မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၊ကလေးရွာနေ ကိုမင်းထိုက်နှင့် အလှူအိမ် အနောက်မြောက်ဘက် ကိုက်(၁၀၀)ခန့်အကွာ ယာခင်းအတွင်း သမီးရည်းစားချိန်းတွေ့နေစဉ် ကြည်တစ်လုံးရွာနေ သိန်းဇော်(ခ) သိန်းဇော်အောင်(၂၅)နှစ်သည် အရက်မူး၍ ဓါးမြှောင် ကိုင်ဆောင်ရောက်ရှိလာပြီး ကိုမင်းထက်အား ဓါးနှင့်ချိန်၍ပြန်ခိုင်းပြီး မxxxx အား အတင်းအဓမ္မပွေ့ချီကာ ၎င်းနေရာနှင့် ကိုက် (၃၀၀)ခန့်အကွာ ဦးဘိုမှူး၏ ယာခင်းအတွင်းရှိ သရက်ပင်အနီးအရောက်တွင် ထဘီကိုလှန်၍ အတွင်းခံဘောင်းဘီအား အတင်းဆွဲချွတ်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

အလိုမတူဘဲသားမယားအဖြစ်ပြုကျင့်သူ သိန်းဇော်(ခ) သိန်းဇော်အောင် (၂၅)နှစ်အား အရေးယူ ပေးပါရန် ၁၁.၁၂.၂၀၁၄ မxxxx မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မကွေးမြို့နယ်၊ ညောင်ကန် နယ်မြေရဲစခန်း(ပ)၄၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video