Friday, December 12, 2014

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေမုဌောဘုရားရင်ပြင်တွင် ပခုက္ကူနည်းပညာ တက္ကသိုလ် မှ ကျောင်းသား များဖြစ်သည့် ကျော်သူလင်းပါ (၃) ဦး သည် ဆိုင်ကယ်(၂)စီးအား ရပ်ပြီး ဆိုင်ကယ် ပေါ်တွင်ထိုင်နေစဉ် ပခုက္ကူမြို့၊ အမှတ် (၁၁) ရပ်ကွက်နေ ဟိန်းမင်းအောင်(၁၇)နှစ်ပါ ၇ ဦးတို့မှ ဆိုင်ကယ်(၄)စီးဖြင့် ရောက်လာ ပြီး လက်ထဲတွင်တုတ်/ဓါးလက်နက်များ ကိုင်ဆောင်လျှက် ကျော်သူလင်းအား ဓါးအိမ်ဖြင့် ရိုက်ခြင်း၊ ဆိုင်ကယ်များအား ကန်လှဲခြင်း၊ အော်ဟစ်ဆဲဆိုခြင်းများ ပြုလုပ်ခဲ့သဖြင့် ပခုက္ကူမြို့မရဲစခန်း(ပ)၃၉၆/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၈/၂၉၄/၃၂၃/ ၅၀၆/၁၁၄ အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရှိရသည်။

 ဖြစ်စဉ်အား ဆက်လက်တင်ပြခဲ့ရာ ပခုက္ကူမြို့နယ်ထွေ/အုပ်ရုံး၏ ၁၁.၁၂.၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ၅/၄၃-၁၈/ဦး ၆ ဖြင့် ဟိန်းမင်းအောင်ပါ(၇)ဦးသည် အများပြည်သူစိုးရွံ့ထိတ်လန့်စေရန် ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်ပျက်ပြားစေရန် ပြုလုပ်ခဲ့သည့် အတွက် ခြေချုပ်နှင့် ခံဝန်ဥပဒေအရအရေးယူရန် ညွှန်ကြားလာသဖြင့် ဟိန်းမင်းအောင်ပါ (၇)ဦးအား ပခုက္ကူ မြို့နယ်၊ မြို့မရဲစခန်း (ပ)၃၉၇/၂၀၁၄၊ ခြေချုပ်နှင့်ခံဝန်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) အရ ထပ်မံအမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video