၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ ကန်သာရပ်ကွက်နေ ဒေါ်ချိုချိုခိုင်ညွှန့်(၄၅)နှစ်သည်နေအိမ်၌ရှိနေစဉ် ရန်ကျော်ရပ်နေ မသင်းသင်းမာ ရောက်ရှိလာပြီး ဆန်အရောင်းအ၀ယ်လုပ်လို၍ ငွေကြေးလိုအပ်နေသဖြင့် ငွေသိန်း (၂၀၀)အား အကူအညီပေးရန်တောင်းခံခဲ့သည်။
ဒေါ်ချိုချိုခိုင်ညွှန့်မှ အသိသက်သေများရှေ့တွင် အဆိုပါငွေသိန်း(၂၀၀)အား ၅.၉.၂၀၁၄ ရက်နေ့ နောက်ဆုံး ထား၍ ပြန်လည်ပေးဆပ်ရန် စာချုပ်ပြုလုပ်ပြီး မသင်းသင်းမာထံပေးအပ်လိုက်ရာ ယနေ့ အချိန်ထိ ပြန်လည်ပေးဆပ်ခြင်းမရှိသဖြင့် ငွေများအား လိမ်လည်ရယူသွားသူ မသင်းသင်းမာအား အရေးယူပေးပါရန် ၁၁.၁၂.၂၀၁၄ ရက်နေ့တွင် ဒေါ်ချိုချိုခိုင်ညွှန့်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၉၇/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ကြောင်းသတင်းရရှိသည်။
0 comments:
Post a Comment