ဂန့်ဂေါ ဒီဇင်ဘာ ၁၂
ဂန့်ဂေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ် ကလေးငယ်များအား အဟာရနို့တိုက်ကျွေးခြင်း အခမ်းအနားကို အနောက်ဂန့်ဂေါကျေးရွာ မူလတန်း(လွန်) ကျောင်းတွင် ဒီဇင်ဘာ ၁၂ ရက်နံနက်ကကျင်းပ၍ ကျောင်းသား၊ကျောင်းသူ ၁၃၇ ဦးတို့အား နို့်အဟာရ တိုက်ကျွေးကြသည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူး ဒေါက်တာသိန်းဆွေ၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိန်ဝင်း၊ လက်ထောက်ပညာရေးမှူး ဦးမင်းမင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီဥက္ကဌ ဦးနိုင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဌ ဦးသောင်းမြို့ တို့တက်ရောက်ကြကာ လိုအပ်သည်များ ကူညီဖြည့်ဆည်း ပေးကြသည်။
ထို့အတူ ကျောင်းနေအရွယ် ကလေးငယ်များအား အဟာရနို့တိုက်ကျွေးခြင်းကို ဂန့်ဂေါမြို့နယ်ရှိ မူလတန်း(လွန်)ကျောင်းနှင့် မူလတန်းကျောင်းပေါင်း ၁၁၃ ကျောင်းတို့တွင် ဆေက်လက်ဆောင်ရွက်သွားမည် ဟု သိရသည်။
Friday, December 12, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment