အောင်လံ ဒီဇင်ဘာ ၁၂
၂၀၁၅-ခုနှစ် ဇန်န၀ါရီလနှင့်ဖေဖေါ်ဝါရီလတွင် ပြုလုပ်မည့် နိုင်ငံတစ်ဝန်း ၀က်သက်ရောဂါနှင့် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်း အသိပေးရှင်းလင်းဆွေးနွေး ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၁၁) ရက် နံနက် (၁၀း၀၀)နာရီက အောင်လံမြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ ၌ပြုလုပ်ခဲ့သည်။၏
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်း က အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဦးကိုကိုလေး က နိုင်ငံတစ်ဝန်း ၀က်သက်ရောဂါနှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်း ၂၀၁၅ နှင့်ပတ်သက်၍ ၀က်သက် ရောဂါဖြစ်ပွါးမှုလက်ရှိအခြေအနေ ဂျိုက်သိုးရောဂါ လျင်မြန်စွာကာကွယ်ရေးကို ၂၀၁၅-ခုနှစ်ဇန်န၀ါရီလ (၁၃) ရက်မှ (၂၇) ရက်ထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ဖေဖေါ်ဝါရီ(၁၉) ရက်မှ(၂၈)ရက်ထိ ပြည်သူလူထု အခြေပြုကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် စီစဉ်ဆောင်ရွက်ထားရှိမှုကိုပြောကြားခဲ့ သည်။
ယင်းအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ မြို့နယ်အထောက်အကူပြု ကော် မတီဝင်များ မြို့နယ်မိခင်နှင့်ကလေး ဥက္ကဠ နှင့် အဖွဲ့ဝင်များ ၊ မူလတန်း ၊အလယ်တန်း၊ အထက်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများ ကျန်းမာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment