Wednesday, September 16, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉) နာရီအချိန်တွင် Electronic Document Management System(EDMS) Version -2 (ကွန်ပျူတာစနစ်သုံး ရုံးလုပ်ငန်းစနစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်း အနားသို့ မကွေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်း၊ ဦးစီးအရာရှိ (ပထမတန်း) (ဦး/ရေး/ထောက်)ဒုတိယရဲမှူးကြီး မောင်မောင်အေး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်၊ ရဲမှူး သက်လွင် ရဲမှူး(ဦးစီး)၊ ရဲမှူး ခင်မြအုန်း ရဲမှူး (ရေး/ထောက်)၊ အမှတ်(၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး တင်မျိုးအောင် ၊ သတင်းတပ်ဖွဲ့စုမှူး ရဲမှူး တင်မျိုးနိုင်၊ ဒုရဲမှူး နီဝင်း ဒုရဲမှူး(ဦးစီး)၊ ဒုရဲမှူး တင်ကိုကို ဒုရဲမှူး(ရေး/ထောက်)၊ အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်ဌေး၊ မှုခင်းတပ်ဖွဲ့စုမှူး ဒုရဲမှူး ချစ်မောင်၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့စုမှူး ဒုရဲမှူး လှဦး၊ ရဲအကူတပ်ဖွဲ့ခွဲမှ အရာရှိ(၁)ဦး၊ သင်တန်းနည်းပြ(၂)ဦး၊ သင်တန်းသား (၁၂)ဦး၊ စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်းမှ Electronic Document Management System (EDMS) Version -2 သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းဆောင် ရွက်မှု အခြေအနေနှင့် မှတ်သားလိုက်နာရမည့်အချက်များကို မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား နံနက် (၉)နာရီခွဲအချိန် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။ 
 




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video