Friday, July 24, 2015
3:13 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ငဖဲ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာတွင် မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၀ါးအခြေခံလက်မှုထည် သင်တန်းအား ဇူလိုင်၂၂ရက်နေ့မှ၃၁ရက်နေ့ထိ(၁၀) ရက်ကြာသင်တန်းဖွင့်လှစ် ကျင်းပမည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှပြုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်တို့မှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန နည်းပြ(၂)ဦးမှ သင်တန်းသား/သူ(၃၀)ဦး အား ဆက်လက်သင်တန်းပို့ချခဲ့ကြောင်းသိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment