Friday, July 24, 2015

   ဆိပ်ဖြူ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ နယ် ကူရှည်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဇူလိုင်လ ၂၂ရက်နေ့ နံနက်(၉) နာရီ အချိန်တွင် စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး နှင့်သဘာဝ ဘေးအန္တရယ် တာဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။
အခမ်းအနာတွင်ကူရှည်အ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီးကပြောကြားခဲ့သည်။ မြိုနယ်ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့ နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က သဘာဝဘေးအန္တရယ် သိပညာပေးနှင့် စာဖတ်သူ တိုးပွားရေး အသိပညာများကို ပြောကြားခဲ့ပြီး ကုန်သွယ်မှုမြှင့် တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်မြင့်ထွန်းက စားသုံးသူ အကာအကွယ်ပေးရေးအသိပညာများ ဟောပြောပေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှပြသသည့် နံရံကပ်၊ဓါတ်ပုံ ပြပွဲ နယ်လှည့်စာကြည်တိုက်မှစာအုပ်များကို ကျောင်းသား/ကျောင်းသူတို့  က လေ့လာဖတ်ရှုခဲ့သည်။
ဆက်လက်၍ မွန်းလွှဲ (၂) အချိန်တွင် တမ္မကောက်ကျေးရွာ အလယ်တန်း ကျောင်းတွင် အသိပညာများ ပြောပေးခဲ့သည်။စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ သို့ အ.ထ.က(ခွဲ)ကူရှည်မှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမ များ ကျောင်းသားကျောင်းသူများ ၊ တမ္မကောက် အလယ်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမ များကျောင်းသား ကျောင်းသူများ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲကြောင်းသိရှိ ရသည်။
  

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video