သရက် ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဒုတိယအကြိမ် ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်း၍သရက်မြို့ပေါ်ရှိ ၀ါဆိုသံဃာ((၁၇၂)ပါးအား ၀ါဆို သင်္ကန်းကပ်လှူခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက သတ္တဌာန ဘုရား သာသနာ့ ဗိမ္မာန်တော်အတွင်း ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်နှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊အလှူရှင်များ တက်ရောက် လှူဒါန်းခဲ့သည်။
အဆိုပါ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကဥက္ကဌဘာဝနာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တကေသ၀ထံက(၉)ပါးသီလခံ ယူဆောက်တည် ခဲ့ကြပြီး ကြွရောက်လာသည့် ဆရာတော် သံဃာတော် များမှ ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ပေးခဲ့သည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ၀ါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းပတ်သက်၍ သာသနာရေးရာများဆောက်ထားပြီးတက်ရောက်လာသည့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြိးအကဲများ၊ အလှူရှင်များနှင့်အတူ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တု အစုစုတို့အား ဆပ်ကပ်လှူဒါန်းပေးခဲ့သည်။ ယင်းနောက် မြခဲတောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တ သီလ၀ထံမှ အနုမောဒနတရားနာယူပြီး အလှူမင်္ဂလာ အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ သရက်မြို့ပေါ်ရှိ ၀ါဆိုသံဃာ (၁၇၂)ပါး အတွက် ၀ါဆိုသင်္ကန်းနှင့် အလှူငွေ လှူဒါန်းမှု့မှာ(၁၇)သိန်း (၈)သောင်း(၉)ထောင် လှူဒါန်းခဲ့ကြောင်းသိရသည်။
ဇော်ထက်(သရက်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment