Friday, July 24, 2015

ဂန့်ဂေါ ဇူလိုင် ၂၃
    ဂန့်ဂေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲအတွက် လုပ်ငန်းစဉ်များညှိနှိုင်းဆောင်ရွက်ရန် အစည်းအဝေးကို ဇူလိုင် ၂၂ ရက်နံနက်က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
    အဆိုပါလုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ရန် အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးရာတင်က အဖွင့်အမှာစကားပြောကြား၍ အဖွဲ့ခွဲဝင်များက ကဏ္ဍအလိုက်လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြကာ ဂန့်ဂေါမြို့နယ်ရှိ နိုင်ငံရေးပါတီများမှ တက်ရောက် လာကြသူများ၏ ဆွေးနွေးတင်ပြချက် များကို ပြန်လည်ဖြေကြား ဆွေးနွေးကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video