Friday, July 24, 2015
3:07 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီးတွင် ၂၀၁၅-ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ(၅၆၈၇၂)ဦးရှိသည့်အနက် (၂၃၂၃၉)ဦးအောင်မြင်ခဲ့ပြီးအောင်ချက် ရာခိုင်နှုန်း(၄၀ ၈၆)ရာခိုင်နှုန်းရရှိကာ မြန်မာတစ်နိုင်ငံလုံးတွင် တတိယရရှိခဲ့သည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ၂၀၁၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန် စွာအောင်မြင်ခဲ့ကြသောကျောင်းသား ကျောင်းသူများနှင့် အောင်ချက် အကောင်းဆုံးဆုရကျောင်း များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းဒေသကြီး ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ် များ ကျောင်းအုပ် ဆရာကြီး ဆရာမကြီးများ၊ဆရာ/ဆရာမများ မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူ များ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ မကွေးအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်ကအမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာအဲဒီနိုင်ငံရဲ့ပညာရေးဖွံ့ဖြိုးမှုအပေါ် များစွာမူတည်ပါကြောင်း၊ နိုင်ငံ တိုင်းမှာ ပညာရေးကို ရှေ့တန်းတင်၍ဆောင်ရွက်လျက်ရှိကာ နည်းပညာဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်ကြောင့် အံ့မခန်းဆန်းကျယ်ပြီး စွမ်းရည်မြင့်မားတဲ့ပစ္စည်းများဟာ တစ်နေ့တစ်ခြား တိုးတက်ပွားများနေတာကိုပြည်သူများ မျက်မြင်ကိုယ်တွေ့ဖြစ်ပါကြောင်း၊ကျောင်းသားကျောင်းသူများရဲ့ ပညာအရည်အသွေးမြင့်မားရန် ဆရာဆရာမများ၊ကျောင်းသားမိဘများ၊ရပ်ကွက်ကျေးရွာ မြို့နယ်/ခရိုင်/ တိုင်းဒေသကြီးအလိုက်တာဝန်ယူအုပ်ချုပ်သူများသက်ဆိုင်ရာ တက္ကသိုလ်/ကောလိပ်ရှိဆရာ/ ဆရာမများ၊ စေတနာရှင်မိဘများပညာရေးဌာနမှအဆင့်ဆင့်တာဝန်ရှိသူများ၊NGO .INGO အဖွဲ့များပူးပေါင်းပြီး အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြမှသာကျောင်းသား ကျောင်းသူများရဲ့ ပညာအရည်အသွေး များထူးချွန်ထက်မြက်ပြီး တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားကာ ဂုဏ်ထူးများရရှိနိုင်မှာ ဖြစ်ပါကြောင်း စည်ဖြင့်တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးမြင့်သိန်းမှဆုချီးမြှင့်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ၂၀၁၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူချွန်ဆုချီးမြင့်ခြင်း ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ အောင်ချက်အကောင်းဆုံးကျောင်း(၃) ကျောင်းဖြစ်သည့် မြို့သစ်မြို့နယ် အထက(၀ါးကြီးအိုင်)၊မကွေး အထက(၃)နှင့်ပွင့်ဖြူမြို့နယ် အထက (ကုန်းဇောင်း) ကျောင်း များအား ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး၊ (၆)ဘာသာဂုဏ်ထူးရှင် (၂၆)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၉၆)ဦး၊သိပ္ပံဘာ သာတွဲ ထူးချွန်ဆု(၁၂)ဦး၊၀ိဇ္ဇာဘာသာတွဲ ထူးချွန်ဆု(၁၃)ဦးနှင့် ၀ိပ္ပံဘာသာတွဲ ထူးချွန်ဆု(၁၁)ဦးတို့အား တာဝန်ရှိသူမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
၎င်းနောက်ထူးချွန်ကျောင်းသား ကျောင်းသူများကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မောင်ရှင်းခန့် အောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး မကွေးအမှတ်(၄)အခြေခံပည်အထက်တန်းကျောင်း မှကျောင်းသားကျောင်းသူလေးများက ဇာတိမာန် သီချင်းဖြင့်အခမ်းအနားရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောင်းသား ကျောင်းသူများနှင့်မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment