ရေနံချောင်း ဇူလိုင် ၂၄ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် တောင်သူပညာပေးဆွေးနွေးပွဲကို စိန်ပန်းပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဇူလိုင် ၂၃ရက်နေ့က ကျင်းပကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးသိန်းလွင်က မိုးခေါင်ရေရှားဒေသများတွင် နွားစာရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် နေပီယာမြက်စိုက်ပျိုးနည်းနှင့် အသုံးဝင်ပုံများ၊ မိုးသီးနှံနှင့် ရာသီသီးနှံတို့ ရောနှောစိုက်ပျိုးခြင်း အကြောင်းအရာများကိုလည်းကောင်း၊ တိုင်း သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မော်မော်ဝင်းက သီးနှံများကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ သာမန်ကာကွယ်ခြင်းနှင့် ကာကွယ်နှိမ်နှင်းခြင်း အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်ပြီးတိုင်းမျိုးစေ့တာဝန်ခံ ဒေါ်မီမီချိုက မျိုးကောင်းမျိုးသန့်သုံးစွဲရေးနှင့်တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်မာသန်းက မြေဆီလွှာတိုင်းတာနည်းနှင့်
မဆီလွှာထိန်းသိမ်းနည်း အကြောင်းအရာများကို ဟောပြောဆွေးနွေးကြသည်။
ဟောပြောပွဲအပြီးတွင် ဆွေးနွေးဟောပြောသူများက တောင်သူဦးကြီးများအား ဥာဏ်စမ်းမေးခွန်းများ မေးမြန်းဆွေးနွေးကြရာ ဖြေဆိုနိုင်သူတောင်သူများအား GCC Co;Ltdနှင့် မြန်မ့ာရွှေနဂါးစိုက်ပျိုးရေး စွမ်းအားစုတို့က မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ အဆိုပါဟောပြောပွဲသို့ စိန်ပန်းပင်အုပ်စု၊ ဖိုးကိုးအုပ်စု၊ကမ္မအုပ်စုနှင့် ရွှေတုတ်ကုန်အုပ်စု တို့မှ တောင်သူဦးကြီး ၂၀၀ ကျော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးဌာနမှ ဦးစီးမှူးနှင့် ၀န်ထမ်း များတက်ရောက်ခဲ့ကြကြောင်းသိရသည်။ မွန်မွန်
Friday, July 24, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment