Friday, July 24, 2015

နတ်​​မောက်​                ဇူလိုင်​၂၃
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့လူမှုကူညီ​ရေးအသင်းအား အလှူ​ငွေ​ပေးအပ်​ပွဲအခမ်းအနားကို ဇူလိုင်​၂၃ရက်​မွန်းလွဲ၁နာရီက မြို့နယ်​စိတ်​ဓာတ်​ဖြူစင်​ကရုဏာရှင်​များလူမှုကူညီ​ရေးအသင်းရုံး တွင်​ကျင်းပသည်​။
အဆိုပါအခမ်းအနားတွင်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​မှ အဖွင့်​အမှာစကား​ပြောကြားပြီး မြို့နယ်​လူမှုကူညီ​ရေးအသင်းအားလှူဒါန်း​ပေးခဲ့​သော အငြိမ်းစားသံအမတ်​ကြီးဦးတင်​ဦးမှ နတ်​​မောက်​မြို့လူမှုကူညီ​ရေးအသင်းကြီးအားအလှူ​ငွေ​ပေးရခြင်း၏ ရည်​ရွယ်​ချက်​များကိုအကျယ်​တဝန်း​ပြောကြားခဲ့သည်​။ထို့​နောက်​အလှူရှင်​အငြိမ်းစားသံအမတ်​ကြီးဦးတင်​ဦးမှမြို့နယ်​စိတ်​ဓာတ်​ဖြူစင်​ကရုဏာရှင်​လူမှုကူညီ​ရေးအသင်းအားအလှူ​ငွေ(၁၀)သိန်းကျပ်​၊ဓမ္မစကူးလ်​​ကျောင်းအတွက်​အလှူ​ငွေ(၁)သိန်းကျပ်​နှင့်​​ကျောင်းသား\သူသင်​တန်းအ​ထောက်​အကူပြုဗလာစာအုပ်​များအားလူမှုကူညီ​ရေးနှင့်​ဓမ္မ​ကျောင်း​တော်​ဖြစ်​​မြောက်​​ရေး​ကော်​မတီဥက္ကဌဦးဥာဏ်​ရှိန်​အားလွှဲ​ပြောင်းလှူဒါန်း​ပေးခဲ့​ကြောင်းသိရသည်​။အခမ်းအနားသို့တက်​​ရောက်​လာကြ​သောလူမှုကူညီ​ရေးအသင်းမှအဖွဲ့ဝင်​များနှင့်​လူမှု​ရေးကုသိုလ်​ရှင်​လူငယ်​​မောင်​မယ်​​လေးများ၏စိတ်​ကူးစိတ်​သန်းများကိုတစ်​ဦးချင်​စီအကြံပြု​ဆွေး​နွေးတင်​ပြခဲ့​ကြောင်းသိရသည်​။           လှဝင်း

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video