Friday, July 24, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မယ်ဇလီပင်ကုန်း ကျေးရွာ မြောက်ဘက် (၄)ဖာလုံခန့်အကွာရှိ လယ်ကွင်းသို့ ရေသွင်းသော အနက်(၁၀)ပေ ခန့်ရှိ အင်းအတွင်း ကလေးငယ် တစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ပခုက္ကူမြို့နယ်၊ နန်းတော်ရပ် ကျေး ရွာနေသူ မောင်ရဲရင့်ဖြိုး (၁၃)နှစ်သည် သူငယ်ချင်းများနှင့်အတူ ၄င်းအင်းအတွင်း သို့ ရေဆင်းချိုး ရာမှ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သေဆုံးခြင်း အကြောင်းရင်းမှန်အား သိရှိနိုင်ရန်အတွက် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၅/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video