Friday, July 24, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် (၆း၄၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ်၊ ကန်ပေါက်စု ကျေးရွာတွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ အခင်းဖြစ်အရပ်သို့ သွားရောက် စစ်ဆေးရာ ပခုက္ကူမြို့နယ်၊ ကန်ပေါက်စုကျေးရွာနေသူ အောင်ကိုမင်း (၃၀)နှစ်သည် အရက်အလွန် အကျွံသောက်ပြီး အရက်ကြောင်ကြောင်ကာ ၄င်းအိမ်ရှေ့ မြေပြင်နှင့်အမြင့် (၇)ပေခန့်ရှိ ၀ါးထုပ်တန်း တွင် ပုဆိုးအား ကြိုးကွင်းပြုလုပ်ပြီး ကြိုးဆွဲချသေဆုံးနေကြောင်း တွေ့ရှိရသဖြင့် သေဆုံးခြင်း အကြောင်းရင်းမှန်အား သိရှိနိုင်ရန် အတွက် ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၅)ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video