Friday, July 24, 2015


မြို့သစ်   ဇူလိုင်၂၃
မကွေးခရိုင် မြို့သစ်မြို့နယ်တောင်တွင်း  မြို့သစ်-နတ်မောက် ကားလမ်းနှင့် ရထားလမ်းဆုံဘေးတွင်
မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့်ကုလားကင်ပွန်းပင်  လုံးပတ် ၅ပေခွဲခန့်သစ်ပင်မှာအောက်ခြေမှ အမြစ်လန်ကာဇူလိုင်လ၂၃ ရက်နေ့  နံနက် ၉း၂၀  ခန့်ကပြိုလဲ ခဲ့ကြောင်းသိရှိရသည်။
အဆိုပါသစ်ပင်ပြိုလဲသောသတင်းသိရှိပြီးနောက် ကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှုးဦးတင်ဝင်း၏ သတင်းပေးချက်အရမြိုနယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှုးဦးသောင်းတင်နှင့် တပ်ဖွဲ့ဝင် ၁၅ဦးနှင့်ကွက်သစ်ရပ်ကွက် အတွင်းရှိပြည်သူများခရီးသွားများကကူညီရှင်းလင်းဖယ်ရှာပြီး သစ်ပင်၏ကိုင်းကြီးများကို မီးသတ်ဦးစီးဌာနရှိ ကယ်ဆယ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဝင်များ၊ က ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်မှုများကြောင့် ၁၁း၀၀နာရီခန့်ကအဆိုပါ သစ်ပင်အားရှင်းလင်းပေးခဲ့ရာ ခရီးသွားပြည်သူများအဆင်ပြေသွားလာနိုင်ခဲ့ပါသည်။
သစ်ပင်ခုတ်ထွင်းသောကိုင်းများကိုသက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနသို့မီးသတ်ဦးစီးမှုးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ကအပ်နှံပေးခဲ့ကြောင်းသတင်းရှိသည်။
                         ဇော်ဇော်(  မြို့သစ်  )

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video