Friday, July 24, 2015


မကွေး  ဇူလိုင်   ၂၄
    မကွေးမြို့ ကန်သာရပ်ကွက်၊ အထက-၁လမ်းနှင့်မကျီးပင်လမ်းထောင့် အေးစေတီဘုရားအနီးတွင် ရှိသော အမြင့်(၁၅)ပေ၊ လုံးပတ်(၄)ပေခန့်ရှိသော ထနောင်းပင်ကြီးသည် ယမန်နေ့ ညနေ(၃)နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် ကျိုးကျခဲ့ပြီး ထနောင်းပင်အောက်တွင် ရပ်နားထားသော ယာဉ်မောင်း ဦးတင်ဝင်း၏ (၄ဟ/၅၂၇၅) သုံးဘီးယာဉ်ပေါ်သို့ ပိကျ လမ်းပိတ်ဆို့မှုဖြစ်ခဲ့ပါသည်။
    အဆိုပါ လမ်းပိတ်ဆို့နေသည့် ထနောင်းပင်ကြီးအား မကွေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးအောင်ဝင်းစိန်ဦးဆောင်သည့် မကွေးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီးဖြင့်သွားရောက်ပြီး သုံးဘီးပေါ်တွင် ကျိုးကျနေသော ထနောင်းပင်ကြီးအား ရှာဖွေကယ်ဆယ်ရေးပစ္စည်း (chain Saw)များ အသုံးပြု၍ ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်းသိရသည်။ ယင်းထနောင်းပင်ကြီးကျိုးကျမှု အတွက် ထိခိုက်၊ ဒဏ်ရာရမှုများမရှိကြောင်းနှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းစွာသွားလာလျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video