Saturday, July 25, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ရေရှင်မ ကျေးရွာအနီး ကလေး-ဂန့်ဂေါ သွားကားလမ်း မိုင်တိုင်အမှတ် ၁၈/၆ နှင့် ၁၈/၇ ကြားတွင် ကလေးမြို့မှ ဂန့်ဂေါမြို့သို့ ဂန့်ဂေါမြို့နယ်၊ မဲကျေးရွာနေ မင်းနိုင်(၂၉)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ဇနီးဖြစ်သူ မအေးအေးဝင်း(၂၅)နှစ် စီးနင်းလိုက်ပါလာသော နံပါတ်မပါ NEW ANBO-125 အနက်ရောင်ဆိုင်ကယ်သည် လမ်းအလယ်၌ ဂန့်ဂေါဘက်မှ ကလေး မြို့ဘက်သို့ ဂန့်ဂေါ မြို့နယ်၊ မြင်သားကျေးရွာနေ ဦးငွေ (၅၂) နှစ် NEW ANBO-125 အနက်ရောင် ဆိုင်ကယ်တို့ မျက်နှာချင်း ဆိုင် တိုက်မိ၍ ဦးငွေသည် ယာမျက်လုံးအောက်ပေါက်ပြဲ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲ၊ ဝမ်းဗိုက်ပွန်း ဒဏ်ရာဖြင့် ဂန့်ဂေါဆေးရုံတွင် သေဆုံးသွားပြီး မင်းနိုင်နှင့် မအေးအေးဝင်း တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးငွေနှင့် မင်းနိုင် တို့အား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေ ရဲစခန်း ယာဉ် (ပ)၁၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/ ၃၃၇/ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video