Saturday, July 25, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ (၅း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွကျေးရွာအနောက်ဘက် တောင်တွင်းကြီး-မကွေးကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်တွင်းကြီးဘက်မှ မကွေးဘက်သို့ တောင်တွင်းကြီးမြို့နယ်၊ ဆုံစုကျေးရွာနေ ဝင်းဇော်(၃၅)နှစ် သည် ၃၄ယ/xxx ၊ ရင်းဇင်း-၁၂၅ အပြာရောင်ဆိုင်ကယ်နောက်တွင် တစ်ရွာတည်းနေ ဟိန်းဇော် (၂၁)နှစ်အား တင်ဆောင်မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၂၉၂/ဝ အနီးအရောက်တွင် လမ်းဖြတ် ကူးသူ တောင်တွင်း ကြီး မြို့နယ်၊ ကုက္ကိုခွကျေးရွာနေ ဒေါ်တင်မာ (၄၅)နှစ်အား ဝင်ရောက်တိုက်မိရာ ဝင်းဇော်တွင် ဝဲခြေသလုံး /ဒူး၊ မေးစေ့၊ နှာခေါင်း၊ ယာပါးပွန်းပဲ့ဒဏ်ရာ၊ ဟိန်းဇော်တွင် ဝဲပါး/ လက်မောင်း၊ ယာလက်ဖျံပွန်းပဲ့ ဒဏ်ရာနှင့် ဒေါ်တင်မာတွင် ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ၊ ဝဲဒူး ပွန်းသည့်ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ဝင်းဇော်အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၆၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 ဒေါ်တင်မာအား တောင်တွင်းကြီးပြည်သူ့ဆေးရုံတွင် ကုသနေရာမှ မသက်သာ၍ နေပြည်တော် ဆေးရုံသို့ လွဲပြောင်း ကုသရန် သွားရောက်စဉ် ၁၉၃ဝ အချိန် လမ်းတွင်သေဆုံးသွားကြောင်း သိရှိရ၍ တောင်တွင်း ကြီး မြို့မရဲစခန်း ယာဉ် (ပ) ၆၈/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ မှ ပြစ်မှုပုဒ်မ ၃ဝ၄-က သို့ ပြောင်းလဲစစ်ဆေး လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video