၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ ည (၁၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ ရေနံချောင်းမြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြို့မမြောက် ရပ်ကွက်အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်စဉ် မြို့မမြောက်ရပ်ကွက်၊ ချမ်းသာကြီးရပ်ရှိ ဓမ္မာရုံ အနီးတွင် မသင်္ကာဖွယ်လူ(၂)ဦးအား MONISA ၁၂၅ ဖားဘီး၊ နံပါတ်မပါ ဆိုင်ကယ် တစ်စီးနှင့် သော့တစ်ချောင်း၊ ဆင်းကဒ်(၂)ခုပါ MODEL Number G 6203 ULOOHONOR အမျိုးအစား အဖြူရောင်ဟန်းဆက် ၁ လုံး ၊ ခေါက်ပိုက်ဆံအိတ်အညိုရောင်တွင် ငွေစက္ကူရောရာ ၃၉,၇၅ဝိ/-တို့နှင့် အတူတွေ့ရှိရသဖြင့် ၎င်းတို့အား စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းကျေးရွာနေ စိုးသန်း(၂၈) နှစ်နှင့် တစ်ရွာတည်းနေ မိုးနှင်းဦး (၂၉)နှစ်တို့ ဖြစ်ကြောင်းသိရှိရပြီး ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသဖြင့် အခြားနေအိမ် အဆောက်အဦ တစ်ခုခု အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိ၍ စိုးသန်းနှင့် မိုးနှင်းဦးတို့အား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၁၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ လည်းကောင်း၊
ဆက်လက်၍ အမှုမှတရားခံ စိုးသန်း(၂၈)နှစ်နှင့် တစ်ရွာတည်းနေ မိုးနှင်းဦး(၂၉)နှစ်တို့အား စစ်ဆေး ခဲ့ရာ ၂၁ယ/xxx ၊ ကန်ဘို-၁၂၅ အပြာမီးခိုးရောင်ဆိုင်ကယ်(၁)စီး၊ သော့(၂)ချောင်း၊ ဆိုင်ကယ် မှတ်ပုံတင်စာအုပ် ၊ ပရီမီယံစာအုပ်၊ ဝှီးတက်ကဒ်ပြား(၁)ခုတို့အား ရေနံချောင်းမြို့၊ မြို့မမြောက်သပြေ (၂) ရပ်ကွက်နေ ဦးရီစိုးထံသို့ ငွေ-၁ဝဝ,ဝဝဝိ/-ဖြင့်ပေါင်နှံထားကြောင်း သိရှိရ၍ အဆိုပါ ပစ္စည်းများအား သိမ်းဆည်းရ မိသော်လည်း ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသ နိုင်ခြင်းမရှိသဖြင့် အခြား တစ်နေရာရာမှခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိ၍ စိုးသန်းနှင့် မိုးနှင်းဦး တို့အား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း(ပ)၁၁၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment