၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ နေ့လည် (၁၂) နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ 'ဂ'ကွင်း၊ (၃)လမ်းတွင် လူတစ်ဦး ဓါးကိုင် ရမ်းကားနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အမှတ်(၃) ရပ်ကွက်နေ ခင်ဇော်(၄ဝ)နှစ်သည် အများပြည်သူဆိုင်ရာနေရာတွင် အများပြည်သူကြောက်ရွံ့ ထိတ်လန့်စေရန် အရိုး(၅)လက်မ၊ အသွား (၉)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းကိုင်ဆောင်၍ ရမ်းကားနေသည်ကို တွေ့ရှိ၍ ခင်ဇော်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၁ဝ/၂ဝ၁၅၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Saturday, July 25, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment