Saturday, July 25, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရမ်းကျေးရွာနေ မခင်မိုးဝေ(၃၅)နှစ်သည် နေအိမ်အောက်တွင် သားဖြစ်သူ ဆန်းလင်းထိုက်(၁ဝ)နှစ်နှင့်အတူရှိနေစဉ် မိုးများသည်းထန်စွာရွာသွန်းလာပြီး မိုးကြိုး လျှပ်ကွင်းထိမှန်ခဲ့၍ မခင်မိုးဝေ၏ မျက်နှာပြင်တစ်ခုလုံးနှင့် ခန္ဓာကိုယ်ညိုမဲဒဏ်ရာ၊ နှုတ်ခမ်းပြာ ဒဏ်ရာများရရှိပြီး ဆန်းလင်း ထိုက်တွင် ခန္ဓာကိုယ်ဝဲဘက်ခြမ်း ပူသည့်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိသဖြင့် အနီး ပတ်ဝန်းကျင်ရှိလူများမှ ဟံသာဝတီတိုက်နယ်ဆေးရုံသို့ပို့ဆောင်စဉ် ဆေးရုံသို့အရောက်၌ မခင်မိုးဝေမှာ သေဆုံးသွားခဲ့သဖြင့် မခင်မိုးဝေ သေဆုံးခြင်းရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂ဝ၁၅) အရ အမှုရေးဖွင့် ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video