Sunday, July 26, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ (၄း၀၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ မကွေးမြို့နယ်၊ မြင်ကွန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေး-တောင်တွင်းကြီး ကားလမ်း မိုင်တိုင် အမှတ် ၃၀၅/၂ နှင့် ၃၀၅/၃ အကြား ကန်နီရွာအနီးတွင် ဆိုင်ကယ်ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျ ဒဏ်ရာရရှိ၍ သစ်ရာကောက် တိုက်နယ်ဆေးရုံသို့ ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေး ရာ မကွေး-တောင်တွင်းကြီး ကားလမ်းအတိုင်း မကွေးဘက်မှ တောင်တွင်းကြီးဘက်သို့ မကွေးမြို့နယ်၊ ရှားဇောင်းကန် ကျေးရွာနေသူ တင်ဝင်းအောင် (၂၉)နှစ် မောင်းနှင်ပြီး နောက်မှ အဒေါ်ဖြစ်သူ နတ်မောက် မြို့နယ်၊ ထန်းပင်ချိုင့် ကျေးရွာနေ ဒေါ်ဌေးဌေး (၄၇)နှစ် လိုက်ပါလာသော ၃၁ယ/xxxxx၊ ကန်ဘို စတား- ၁၂၅ ဖြူနက်ရောင် ဆိုင်ကယ်သည် အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် ဒေါ်ဌေးဌေးမှာ ပြုတ်ကျပြီး ဒဏ်ရာများ ဒဏ်ရာများ ရရှိ၍ ဆေးရုံတွင် ဆေးကုသနေစဉ် သေဆုံးသွားသဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ တင်ဝင်းအောင်အား မကွေးမြို့နယ်၊ မိကျောင်းရဲနယ်မြေရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄-က အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video