၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်(၇)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ညောင်ပင်ဆိပ် တိုက်နယ် ဆေးရုံတွင် လူတစ်ဦး ဓါတ်လိုက်သေဆုံး၍ ရောက်ရှိနေကြောင်း အကြောင်းကြားချက်အရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းကျေးရွာနေသူ မောင်စည်သူ (၃၄)နှစ် သည် နေအိမ်ရှိ ရေတွင်းသို့ သွား၍ မျက်နှာသစ်ရန် ရေတွင်းတွင် တပ်ဆင်ထားသော လျှပ်စစ် ရေမော်တာ ဓါတ်ကြိုးအား ကိုင်၍မီးပလပ်ထိုးစဉ် ဓါတ်လိုက်နေသည်ကို ၄င်း၏ ယောက္ခမ တော်စပ်သူ ဒေါ်ခင်ပြုံးရီ မှ မြင်ပြီး မိန်းခလုတ်ပိတ်ကာ အော်ဟစ်အကူအညီ တောင်းခံခဲ့ရာ ပတ်ဝန်းကျင် အိမ်နီးချင်းများ ရောက်ရှိ လာပြီး ညောင်ပင်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် သေ ဆုံးခြင်း အကြောင်းရင်းမှန်အား သိရှိနိုင်ရန်အတွက် အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်း သေ မှုသေခင်း အမှတ်စဉ် (၈/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Sunday, July 26, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment