၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ ည (၈) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မြင်ကွန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယင်းချောင်းအတွင်း အမျိုးသမီးငယ် တစ်ဦး ရေနစ်သေဆုံးကြောင်း ဖုန်းဖြင့်အကြောင်းကြားချက်အရ သွားရောက် စစ်ဆေးရာ သေဆုံး သူမှာ မကွေးမြို့နယ်၊ ကျွန်းပြတ် ကျေးရွာနေသူ မကလျာဖြိုး (၇)နှစ် ဖြစ်ပြီး ၄င်းသည် ညနေ (၄)နာရီအချိန်ခန့်က ရွာအနောက်ဘက် ရေအကျယ်(၅၀)ပေခန့်၊ အနက် (၆)ပေခန့်ရှိ ယင်းချောင်း ရေဆိပ်တွင် မိခင်ဖြစ် သူနှင့်အတူ ရေချိုးရာမှ ရေစီးသန်၍ ရေစီးနှင့်အတူ မျောပါကာ ရေနစ်သေဆုံး ခြင်းဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မကွေးမြို့နယ်၊ မိကျောင်းရဲနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၅/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
Sunday, July 26, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment