Sunday, July 26, 2015

မကွေး   ဇူလိုင်  ၂၅
    ၂၀၁၄-၁၅ ပညာသင်နှစ်မကွေးဇုန် တက္ကသိုလ်ဒီဂရီကောလိပ်ပေါင်းစုံ ဖိတ်ခေါ်ဘောလီဘောပြိုင်ပွဲ ကို ၂၀.၇.၁၅-ရက်နေ့တွင်စတင်ကျင်းပခဲ့ပြီးယနေ့ ၂၅.၇.၁၅ ရက်နေ့တွင်ပြိုင်ပွဲဆုရရှိသူများအားဆုချီးမြှင့်ခြင်း အ ခမ်းအနားကိုမကွေးတက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမတွင်ကျင်းပပြုလုပ်သည်။
    အဆိုပါပြိုင်ပွဲတွင် မကွေးတက္ကသိုလ်၊မကွေးပညာရေးကောလိပ်၊အခြေခံကျန်းမားရေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ ရေနံချောင်းဒီဂရီကောလိပ်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ဗိုလ်လုပွဲတွင်မကွေးတက္ကသိုလ်နှင့် ပခုက္ကူတက္ကသိုလ်တို့ ယှဉ်ပြိုင်ကစားကြရာ ပခုက္ကူတက္ကသိုလ်အသင်းမှအနိုင်ရရှိသည်။
    ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ဒုတိယဆုရရှိသော မကွေးတက္ကသိုလ်အသင်း အားဒုတိယပါမောက္ခဒေါ်က်တာသက်လွင်က နေရာအလိုက် အကောင်းဆုံးအားကစားဆုများလည်းကောင်း ပထမဆုရရှိသော ပခုက္ကူအသင်းအား မကွေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာအေးကျော်က ပထမတံခွန်စိုက်ဆု ဖလားအားချီး မြင့်ပေးခဲ့သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video