Thursday, September 17, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ည (၉း၁၀)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် မင်းလှမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ဆိုင်ကယ် တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ခံတပ်ကြီးလမ်းအတိုင်း ရွှေဘုန်းသာဘုရားဘက်မှ အမှတ်(၁)ရပ်ကွက် ဘက်သို့ မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာနေသူ မျိုးမင်းတင် (၃၀)နှစ် မောင်းနှင်လာသော ၂၀ယ/xxxx၊ ဒါရမ်း ၁၂၅ ဖြူနက်ကြား ဆိုင်ကယ်သည် ၎င်းလမ်းအတိုင်း ဘုရားဖူးပြီး နေအိမ်သို့ လမ်းယာဘက်ဘေးမှ လမ်းလျှောက် ပြန် လာသော မင်းလှမြို့၊ အမှတ်(၁) ရပ်ကွက်နေ ဒေါ်ကြင်စိန် (၆၃)နှစ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ၀င်ရောက် တိုက်မိရာ ဒေါ်ကြင်စိန်တွင် ဒဏ်ရာများ ရရှိခဲ့၍ မင်းလှမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသ စဉ် သေဆုံး သွားသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ မျိုးမင်းတင် အား မင်းလှမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိ ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video