Thursday, September 17, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် (၁၀)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့၊ အောင်လံမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကန်ကြီးရပ်ကွက်၊ ပြည်လမ်းဘေး ရှိ ဒေါ်သန်းသန်း ပိုင်ဈေးဆိုင်ခန်းရှေ့တွင် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်ရှာဖွေရာ လူမနေပိတ်ထားသော ဒေါ်သန်းသန်း၏ ဈေးဆိုင်ခန်းရှေ့ တွင် အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်နေသူ ဆွေလှိုင်မင်း (၃၆)နှစ်နှင့် ၎င်း၏ညီမ မ၀င်းနန္ဒာအောင် (၂၄)နှစ် တို့(၂)ဦးအား ထိုင်ခုံချထိုင်လျက် သုံးလုံးချဲထီနှင့် ဘောလုံးလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ငွေစက္ကူရောရာ ၄၁၈၅၀၀ိ/-တို့နှင့်အတူ ရှာဖွေ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် ဆွေလှိုင်မင်းနှင့် မ၀င်းနန္ဒာအောင် တို့(၂)ဦးအား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၉၆/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။ 
 
အလားတူ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည် (၁း၁၅)နာရီ အချိန်ခန့်တွင် မကွေးခရိုင်၊ မြို့သစ်မြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်၊ ဗိုလ်မင်းရောင် လမ်းဘေးရှိ ဒေါ်သိန်းသိန်းဝင်း(၄၈)နှစ်၏ ဈေးဆိုင်တွင် နှစ်လုံး/သုံးလုံးချဲထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများ နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၁၀/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေရာ ဒေါ်သိန်းသိန်းဝင်း၏ ဈေးဆိုင် အတွင်းမှ အစိမ်းရောင် ပလပ်စတစ်ခြင်း အတွင်းမှ နှစ်လုံးထီ၊ သုံးလုံးချဲထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်း များနှင့် လောင်းကြေးငွေ စက္ကူရောရာ ၇၅၅၀၀ိ/-တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ သဖြင့် ဒေါ်သိန်းသိန်းဝင်း အား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၃၁/၂၀၁၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video