၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည် (၁)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြိုင်မြို့နယ်၊ ဖောင်းကွဲအုပ်စု၊ တည်ပင် ကျေးရွာ တွင် မိုးကြိုးထိမှန်၍ လူနှစ်ဦးသေဆုံးကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေး ရာ သေဆုံးသူမှာ ၎င်းကျေးရွာနေ ဒေါ်ဝင်း (၄၀)နှစ်နှင့် ၎င်း၏သမီး မဖြိုးအိစံ (၁၉)နှစ်တို့ ဖြစ်ပြီး ၄င်းတို့ (၂)ဦးမှာ ရွာအရှေ့မြောက်ဘက်ရှိ ယာခင်းအတွင်း နွားကျောင်းနေရာမှ မိုးရွာသဖြင့် ရှားပင်အောက်တွင် မိုးခိုနားစဉ် မိုးကြိုးပစ်ချ၍ မိုးကြိုးထိမှန်ကာ ဒေါ်ဝင်း၏မျက်နှာတွင် မဲသွားပြီး မဖြိုးအိစံမှာ မိခင်ဖြစ်သူ၏ လက်အားဆွဲ၍ နှစ်ဦးစလုံး သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ၎င်းင်းတို့ သေဆုံးခြင်းမှာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် မြိုင်မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၅)ဖြင့် ရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Thursday, September 17, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment