Friday, September 18, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ည (၁၀း၅၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူး-မင်းလှကားလမ်း မိုင်တိုင်အမှတ် ၆/၅ နှင့် ၆/၆ အကြားတွင် ဆိုင်ကယ် တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

မင်းဘူး-မင်းလှကားလမ်းတွင် မင်းလှမှမင်းဘူးဘက်သို့ မင်းဘူးမြို့နယ်၊ ဖလံရုံကျေးရွာနေ ဇဗ္ဗူကျော် (၁၉) နှစ်မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ သံချောင်း(၁၇)နှစ်နှင့် သန်းမင်းထွန်း(၂၂)နှစ်တို့ လိုက်ပါ စီးနင်းလာသော ၃၅ယ/xxx ၊ TRUCKO-110 အနက်ရောင်ဆိုင်ကယ်သည် မိုင်တိုင်အမှတ် ၆/၅ နှင့် ၆/၆ အကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်တွင်ကန့်လန့်ဖြတ်လဲကျနေသော သစ်ကိုင်းအား ဝင်ရောက် တိုက်မိ၍ တိမ်းမှောက်ရာ ဇဗ္ဗူကျော်နှင့် သံချောင်းတို့တွင် ထိခိုက်ဒဏ်ရာ များရရှိပြီး နေရာတွင်သေဆုံးခဲ့ကာ သန်းမင်းထွန်းတွင် ဦးခေါင်းပေါက်ပြဲ၊ ခြေသလုံးပွန်းပဲ့ဒဏ်ရာတို့ ရရှိခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်သူ ဇဗ္ဗူကျော် အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၃၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video