၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ မကွေးမြို့နယ်၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့သည် လောင်းကစားပြုလုပ်နေကြောင်း သတင်း အရ သက်သေများနှင့်အတူ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၅၈/၂ဝ၁၅)ဖြင့် မကွေးမြို့၊ ဆုံရပ်ကွက်နေ ဦးညွန့်လွင်(၆၂)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်ရှေ့ စားပွဲပေါ်မှ နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လောင်းကြေးငွေ ၄,၅ဝဝိ/- အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နှစ်လုံးထီလောင်းကစားပြုလုပ်သူ ဦးညွန့်လွင်အား မကွေးမြို့နယ်၊ မြို့မ ရဲစခန်း (ပ)၃၆၇/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Friday, September 18, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment